ငါမမှတ်မိဘူး ဘယ်တုန်းက ငါတို့အတူရှိခဲ့ဖူးပါလိမ့်။
ငါမမှတ်မိဘူး နင်ဘာဖြစ်ချင်ခဲ့ဖူးပါလိမ့်။
ငါမမှတ်မိဘူး နင်ငါနဲ့အရင်က ဘယ်မှာဆုံဖူးပါလိမ့်။
ဟင့်အင် နင်မဟုတ်ပါဘူး။
ငါမမှတ်မိဘူး နင်ဘယ်တုန်းက အသက်ရှင်ချင်ပါလိမ့်။
မမှတ်မိဘူး နင်ပန်းတွေ ဘယ်လိုခူးလာပါလိမ့်။
ငါတကယ်မသိတာပါဆို
ငါပြောတာမှန်လား မမှန်လောက်ပါဘူး။
ငါဘာဆိုဘာမှမမှတ်မိပါဘူးဆို နင်မှတ်မိလို့လား။
မင်းငါ့ကိုပြောပြစမ်းပါအုန်း
ငါ့ရင်ကို ချုပ်ကိုင်မယ့် စကားလုံးတွေနဲ့။
မင်းနားလည်ပါတယ်ကွာ
ငါဘာလို့အိပ်လို့မရလဲဆိုတာ
ငါ့နှလုံးသားက ကျောက်ခဲလိုပဲ။
ငါ့ကိုယ်ထဲမှာ ဝန်တစ်ခုလိုလေးလံနေပြီ။
မင်းအားလုံးနားလည်ရဲ့သားနဲ့ကွာ မဟုတ်လို့လား။
မင်း မင်း မင်းအားလုံးနားလည်ရဲ့သားနဲ့ကွာ။
မင်း မင်း ငါ့ကိုစိတ်ကောက်နေတာမလား။
မင်းလေးကတော့ကွာ

မင်း မင်း ညဘက်ကျရင် အိမ်မက်ထဲထည့်မက်နေကျကို။
မင်းလေးကတော့ကွာ။