အို...
ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ
အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေဝင်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ
အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ
နေခြည်တွေ ခြုံလွှမ်းတဲ့နံနက်ခင်းမှာ
အချစ်ဆုံးရဲ့ အနွေးဓါတ်ကို ပြန်ရပြီ
လေပြည်ကလေး ဆော့ကစားတဲ့ ညချမ်းမှာ
အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်သိပြီ
(ဘယ်ဆီကို ရောက်လို့လေ
ဘယ်လောက်ပဲ ဝေးရလည်း
ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံကလေးနဲ့
ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်
လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့
အကုန်ဝိုင်းပြီးသနားကြသတဲ့ အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ
ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ်))())
(...)
အို...
ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ
အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေဝင်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ
အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ