ငါ နှင်းတွေကို မှတ်မိနေတယ်။ မင်းရဲ့စကားလုံးတွေဟာ ငါ့အတွက် ရေတွေလိုပါပဲ။ ငါ့ရဲ့လမ်းပေါ်မှာ နွေ ဦးရာသီ ဖြစ်နေပြီ။ ငါ နှင်းတွေကို မှတ်မိနေတယ်။
မင်း နေရောင်ခြည်ကိုပဲ သတိရနေပါ။ မျက်ရည်တွေလို ကြည်လင်တဲ့ မျက်လုံးတွေ။ ငါ့ရဲ့ အိပ်ယာပေါ်မှာတော့ ဆောင်းရာသီပါပဲ။ မင်း နေရောင်ခြည် ကို သတိရနေပါ။
ငါ မင်းရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားဆဲပဲ။ နောက်ဆုံးစက္ကန့်တွေထိ မင်းရဲ့ငါပါပဲ။ မူးဝေမိန်းမော တာက မျက်ရည်ကျရတာထက် ပိုဆိုးပါတယ်။ ငါ သိပါတယ် အချစ် အဲဒါ အဆိပ်ပါ၊ ငါသိပါတယ် အချစ် ဆိုတာ အသွင်အပြင်အားဖြင့် အလှပဆုံး အဆိပ်ပါပဲ။ ပြန်ယူမသွားနဲ့။ ငါ့မျက်လုံးကိုပဲကြည့်ပါ မင်းသိပါတယ် အချစ်ဆိုတာ အဆိပ်ပဲ။
ဂျူလိုင်လမှာ အတိတ်အကြောင်းတွေကို အဖြူရောင်နှင်းပွင့်တွေ ဖုံးလွှမ်းထားခဲ့ပြီ။ ဘယ်သူ့ကိုမှ မလျှို့ဝှက်တော့ဘူး။ သူ နှင်းတွေကို မှတ်မိနေတယ်။ မြို့ထဲ အိမ်တွေ ရဲ့ လမ်းတွေပေါ်မှာ ကောင်းကင် က နှင်းတွေ အများကြီး ကျဆင်းနေတယ်။
ငါ မင်းရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားဆဲပဲ။ နောက်ဆုံးစက္ကန့်တွေထိ မင်းရဲ့ငါပါပဲ။ မူးဝေမိန်းမော တာက မျက်ရည်ကျရတာထက် ပိုဆိုးပါတယ်။ ငါ သိပါတယ် အချစ် အဲဒါ အဆိပ်ပါပဲ၊ ငါသိပါတယ် အချစ် ဆိုတာ အသွင်အပြင်အားဖြင့် အလှပဆုံး အဆိပ်ပါပဲ။ ပြန်ယူမသွားနဲ့။ ငါ့မျက်လုံးကိုပဲကြည့်ပါ မင်းသိပါတယ် အချစ်ဆိုတာ အဆိပ်ပဲ။
ငါ မင်းရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားဆဲပဲ။ နောက်ဆုံးစက္ကန့်တွေထိ မျက်လုံးတွေထဲမှာပဲ။ မူးဝေမိန်းမော တာက မျက်ရည်ကျရတာထက် ပိုဆိုးပါတယ်။ ငါ သိပါတယ် အချစ် အဲဒါ အဆိပ်ပါပဲ၊ ငါသိပါတယ် အချစ် ဆိုတာ အသွင်အပြင်အားဖြင့် အလှပဆုံး အဆိပ်ပါပဲ။ ငါ ပြန်မလာတော့ပါဘူး။ မင်းပျော်မှာပါ။ ကိုယ့်အတွက်ပဲ အကြည့် ထားခဲ့တာပါ။